Pages

Thursday, September 29, 2016

“ရင်ကွဲနာ”


“ရင်ကွဲနာ”
*********
- ကြားခဲ့ဘူးတာက
ချစ်ခဲ့ ပျော်ခဲ့ကြရာမှ
တစ်ယောက်က တစ်ယောက်ကို
စိမ်းကားရက်စက် သစ်စိမ်းချိုး ချိုးသွားတဲ့အခါ....
ပြုသူကတော့ ပျော်ရွှင်မှုများနဲ့ ပျော်နေချိန်
ခံရသူက ရင်ကွဲနာ။

- မြင်ခဲ့ဘူးတာက
တူနှစ်ကိုယ် ချစ်ရည်တူမျှ
တစ်ယောက်ကို တစ်ယောက်က ချစ်ကြ
ချစ်သမျှကို ပတ်ပျိုးမဆုံးသေးခင်..
ကံကြမ္မာမုန်တိုင်း ခတ်ရိုင်းရိုင်းကြောင့်
ဝေးတစ်သက် ဆွေးရတက်တွေနဲ့
ချစ်သူနှစ်ဦးရဲ့ ရင်ကွဲနာ။

- ကြုံနေရတာက
အရင်ကတည်းကလည်း...
အစနောက်မရှိ အပျော်အပျက်ဆိုဝေး
တစ်ယောက်မျက်နှာ တစ်ယောက်ခိုးခိုးကြည့်ရုံလေးသာ။
သူငယ်ချင်းလည်းမဟုတ် ဘာမဟုတ်

- ပန်းပွင့်လေးအပေါ် လိပ်ပြာလေးတစ်ကောင်နားတဲ့ ကာလမျှသာ 
 တွေ့ဆုံခဲ့ ရ ရက်ပေါင်း၆၀၀ကျော်မှာ
တစ်ယောက်မျက်နှာတစ်ယောက်ငေးကြည့်ရုံလေးသာ။
 ရီးစားလည်းမဟုတ် ဘာမှမဟုတ်၊

- ချစ်ခြင်း သီဖွဲ့ မဆိုခဲ့ပါဘူး။
ကင်တင်းတွေထဲလည်း အတူမထိုင်ဖူးပါဘူး။
အဓိပတိလမ်းထဲ အတူမ​လျှောက်​ဖူးပါဘူး။
မျက်ဝန်းများမှ အချစ်အရိပ်အယောင်ဖွေရှာရင်း.....
ရက်ပေါင်း၆၀၀ကျော်သာ ကုန်လွန်ခဲ့ ။

- ဟော... လွန်မြောက်ခဲ့ပြီး.
ရက်ပေါင်း ၁၂၇၇၅ ကျော် ကျမှ
ပြန်ဆုံကြတော့ ............
အကြင်နာမျက်ဝန်းကိုယ်စီမှ
ချစ်ရိပ် ချစ်ငွေ့ ဖွေရှာတွေ့။
- ကိုယ် ကိုယ်တိုင်နဲ့ သူကိုယ်တိုင်
သူ့အသိုင်းဝန်းနဲ့ ကိုယ့်အသိုင်းဝန်း
ဂုဏ် သိက္ခာ စည်းများခြားပြီ။
ဒီစည်းကိုတော့ မချိုးဖျက်နိုင်။

- ဆုံခဲ့ လေသော “ရေစက်ဆိုး” ရယ်..
တို့နှစ်ယောက် ချစ်သူတွေလည်းမဟုတ်ခဲ့ပါဘဲ
အခုတော့........
ရင်ကွဲနာ ကျရပြီကောကွယ်...။

လွင့်မောင်မောင်(ချစ်သူ့နယ်မြေ)
၉-၉-၂၀၁၆

No comments:

Post a Comment