Pages

Thursday, September 29, 2016

အခုထိလူငယ်​​လေးတစ်​​ယောက်​ပါ ချစ်​သူ


အခုထိလူငယ်​​လေးတစ်​​ယောက်​ပါ ချစ်​သူ
◦.¸¸. ◦✿◦.¸¸. ◦✿◦.¸¸. ◦✿◦.¸¸. ◦✿
  လွန်​ခဲ့တဲ့နှစ်​များဆီသို့ပြန်​တမ်းတတိုင်း
မျက်​၀န်းထဲမှာ သခင့်​ရုပ်​လွှာ သက်​၁၈နှစ်
ဒီလိုဆို ဒီက လည်း ၁၈နှစ်​ဘဲ့​ပေါ့.။
 
အချစ်​တွက်​ရင်​ခုန်​ရက်​​တွေ ပန်း​ဝေတဲ့အခါ
အ​ပျော်​များစွာနှင့်​ ဗြဟ္မာ့ဘုံ​ရောက်​လိုက်​၊
အချစ်​တွက်​ရင်​ခုန်​ရက်​​တွေ ပန်းမ​ဝေတဲ့အခါ
သောကအပူများစွာဖြင့်​ ငရဲဘုံကျလိုက်​။
  
ဗြဟ္မာဘုံ ငရဲဘုံ လူးလာ​ခေါက်​တုန့်
အတက်​အဆင်းလုပ်​ရင်း
ဆံဖြူ သွား​ကြွေ အိုမင်းရင့်​လည်း
သက်​တမ်းရှည်​ကြာ ဘုံဘ၀များမှာ
ကျင်​လည်​​နေတဲ့... ဒီကအသက်
အခုမှ ၂၁ ။  

ဟုတ်​ကဲ့ ၊
မေတ္တာနဲ့ သစ္စာ တို့ဖြင့်​​နှောင်​ဖွဲ့အပ်​​သော
နှလုံး အသည်း တစ်​စုံ ​ကြောင့်
အခုထိ လူငယ်​​လေးတစ်​​ယောက်​ပါ ...ချစ်​သူ။

                                                    လွင့်​​မောင်​​မောင်​(ချစ်​သူ့နယ်​​မြေ)
¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·
အခုမှ အသက်​က ဆယ်​စုနှစ်​၅ခု​ကျော်​လို့၆နှစ်​သာစွန်း​သေးတဲ့လူငယ်​​လေးတစ်​​ယောက်​ကို
အဖိုးကြီး လို့​ခေါ်တတ်​တဲ့တခါခါ က​လေး ​လေးလို ဘဲ့ ဟု ​ပြောတတ်​သူ ချစ်​သူသို့

No comments:

Post a Comment