Pages

Monday, September 2, 2013

နေမ၀င်သစ္စာ

နေမ၀င်သစ္စာ

@အားတင်းထားပါ ချစ်သူ . . .

အပူရောင်  အပြင်းစားတို့ ကုန်ခမ်းရာ

နှလုံးသားရဲ့ အေးငြိမ်းတဲ့ သစ်ရိပ်စခန်းအရောက်

တို့တွေလျှောက်ကြတာပေါ့ ။

@ အားတင်းထားပါ ချစ်သူ . . .

စိုးရိမ်ထိတ်လန့်မှုတွေနဲ့

နွမ်းလျှနေခဲ့ရင် ...

ငါ့ရဲ့ အကြင်နာလက်တွေဟာ  မင်းအတွက်

နူးညံ့ အပန်းပြေစေတဲ့

စမ်းချောင်းငယ်လေး တစ်ခုဖြစ်ရစေမယ် ။

@ အားတင်းထားပါ ချစ်သူ . . .

မင်းလျှောက်တဲ့  လမ်းတိုင်းမှာ

ကြေကွဲပွင့်တွေ  ဝေ နေပါစေ,

အနာတရနဲ့  ထိရှ နေပါစေ,

ငါ့,  ရင်အစုံဟာ 

မင်းအတွက် နောက်ဆုံး  ခေါင်းချလဲလျောင်းရာ

အကောင်းဆုံးသော  ငြိမ်းချမ်းနယ်မြေ

နေမ၀င်သစ္စာပန်းတွေနဲ့  လန်းဝင့်စွာ ပွင့်စေမယ် . . . ။          ။

ဝဿန် ၇၉
( 30 . 8 . 2013 )   12း 12 PM


No comments:

Post a Comment