Pages

Thursday, September 29, 2016

“ လွင့်မောင်မောင် ဟုခေါ်ပါသည်”


“ လွင့်မောင်မောင် ဟုခေါ်ပါသည်”
¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·
ဝဿန်ကာလ မိုးစက်များလည်း
ဒို့ရင်ခွင်ထဲ သောကမီးကို
မငြိမ်းသတ်နိုင်ခဲ့။
ဟေမာန်ကာလ နှင်းပွင့်များလည်း
အလွမ်းဆီထိ အသည်းအိအိကို
မအေးစက်နိုင်ခဲ့။
ဒီနေ့ကစ“မျှော်လင့်ချက်ဆိုတာလုံးဝမထားပါနဲ့” လို့
မိုးစက် နှင်းပွင့်များသို့
အေးစက်စက်နဲ့ ပြောရက်သူက
ပြောနိုင်ခဲ့ပေမဲ့............
ကိုယ့်မှာ....................
ဂိမာန်ကာလ အရွက်ခြောက်များသို့
ဖြစ်ချင်ရာဖြစ် လွင့်ချင်ရာလွင့်
ကြွေမဲ့နေရာ မြေမရှိ။ ။

လွင့်မောင်မောင် (ချစ်သူ့နယ်မြေ)

No comments:

Post a Comment