Pages

Sunday, October 26, 2014

ကမ္ဘာတည်သ၍ [ မောင်လှမျိုး(ချင်းချောင်းခြံ) ]

 

ကမ္ဘာတည်သ၍
♥♥♥♥♥♥♥♥♥♥♥
ဘယ်သူ မေ့ခိုင်းသလဲ
ဘယ်သူ မေ့ရဲသလဲ .. ။

နောက်ပြန်မလှည့်ဘူး ဆိုရုံနဲ့ ၊ ကြုံတွေ့ခဲ့ရတဲ့ ,
အနိဌာရုံတွေ .. ကို ၊ ဘယ်သူ မေ့ရက်သလဲ ။

စစ်ပွဲတိုင်းမှာ တရားခံ ရှိသလို
သမိုင်းရဲ့ အနိဌာရုံ တိုင်းမှာလည်း
တရားခံ ရှိစမြဲ ..။

လုပ်ချင်ရာ (ပက်ပက်စက်စက်) လုပ်ခဲ့ပြီးသူတိုင်း ..
ထွက်ဆို့ ခေါ်ပြီး ထွက်ခွင့်ရကြေးဆိုရင် ..
ခင်ဗျားတို့ တစ်ကမ္ဘာလုံး
ဟစ်တလာကိုသာ အိမ်ဦးခန်းမှာ ..
တင်ထားကြပေတော့ ။

အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့ အမှုက
ဗုန်း တစ်လုံး ကျကွဲတာထက် ပိုမဆိုးဘူးလား။
လူ တစ်ယောက် သတ်တဲ့သူ ..
ဗုန်းခွဲတဲ့သူ ..
............
အဲ ....ပလက်ဖောင်းပေါ် ဈေးရောင်းသူ
ဧည့်စာရင် မတိုင်တဲ့သူတွေ ...ကိုတောင်
ဖမ်းဆီး အရေးယူတတ်ကြသေးရင် ၊
သမိုင်းရဲ့ တရားခံ စစ်စစ်တွေကို
၈၈ ခုံရုံမှာ တင်ပြီး စစ်ဆေး
အပြစ်ပေးဖို့ လို , မလို ...

(သြဂုတ်လ ၈ ရက်နေ့ ရောက်တိုင်း)
ငို ...., ငို ... နေကြရတဲ့ မိခင် တွေကို
မေးကြည့်ကြစမ်းပါဦး ရဲဘော်တို့ ... ။ ။

မောင်လှမျိုး(ချင်းချောင်းခြံ)
2012 .Aug. 7
6:20(p.m)
မနက်ဖြန် ၊ ..အာဇာနည် အားလုံးကို အမျှဝေကြမယ် ။ ။

No comments:

Post a Comment