Pages

Thursday, September 29, 2016

အရူးလို့ခေါ်ပါ


အရူးလို့ခေါ်ပါ
◦.¸¸. ◦✿
သခင့်ရဲ့ကျောက်စိုင်အသည်းကလာတဲ့
သံမဏိဆုံးဖြတ်ချက်ကို
ပျော့စေချင်လွန်းလို့
မီးခြစ်ဆံမီးနဲ့အပူပေးမိတယ်။
ဒီလိုဆိုံ
အရူးလို့ခေါ်လိုက်ပါ။
ဓားသွားမြမြပေါ်က ပျားရည်တစ်စက်
အငမ်းမရ လျှက်ခဲ့တဲ့ကိုယ်
အရူးလို့ဘဲ့ခေါ်လိုက်ပါတော့။ ။
နှလုံးသားမှာ အမုန်းပွားရလောက်အောင်
အပြစ်တစ်စုံတရာမရှိလေတော့
အမုန်းခံလူသားဘ၀နဲ့
သူ့ကိုချစ်မြဲချစ်နေပါရစေ။
ဒီလိုဆို………….
အရူးလို့ခေါ်လိုက်ပါ။ ။
အလှကွန်ယက် ဘ၀နွံပွက်ထဲ
မလူးသာ မလွန့်သာ
လှုပ်လေ မြုပ်လေ
ရုန်းလေ နစ်လေ။ ။
သတိထားမိလိုက်ပေမဲ့
အသိတရားမရနိုင်တဲ့ကိုယ်၊
အရူးတကာ့ အရူးထဲ
အချစ်ရူး“ဒို့”ကို……..
အရူးလို့ဘဲ့ခေါ်လိုက်ပါတော့။
ဒီက….ကျေနပ်နေပါ့မယ် ..။ ။
*** အမြဲမဟုတ်တောင်မှ အရူးတွေတွေ့တိုင်း ဒို့ကို သတိရလိုက်ပါ ချစ်သူ**

လွင့်မောင်မောင်(ချစ်သူ့နယ်မြေ)
(စိန်ပန်းမြေ မှ သူငယ်ချင်းတွေ ကိုလွမ်းလွန်လွန်းလို့ ပြန်တင်သည်)

အခုထိလူငယ်​​လေးတစ်​​ယောက်​ပါ ချစ်​သူ


အခုထိလူငယ်​​လေးတစ်​​ယောက်​ပါ ချစ်​သူ
◦.¸¸. ◦✿◦.¸¸. ◦✿◦.¸¸. ◦✿◦.¸¸. ◦✿
  လွန်​ခဲ့တဲ့နှစ်​များဆီသို့ပြန်​တမ်းတတိုင်း
မျက်​၀န်းထဲမှာ သခင့်​ရုပ်​လွှာ သက်​၁၈နှစ်
ဒီလိုဆို ဒီက လည်း ၁၈နှစ်​ဘဲ့​ပေါ့.။
 
အချစ်​တွက်​ရင်​ခုန်​ရက်​​တွေ ပန်း​ဝေတဲ့အခါ
အ​ပျော်​များစွာနှင့်​ ဗြဟ္မာ့ဘုံ​ရောက်​လိုက်​၊
အချစ်​တွက်​ရင်​ခုန်​ရက်​​တွေ ပန်းမ​ဝေတဲ့အခါ
သောကအပူများစွာဖြင့်​ ငရဲဘုံကျလိုက်​။
  
ဗြဟ္မာဘုံ ငရဲဘုံ လူးလာ​ခေါက်​တုန့်
အတက်​အဆင်းလုပ်​ရင်း
ဆံဖြူ သွား​ကြွေ အိုမင်းရင့်​လည်း
သက်​တမ်းရှည်​ကြာ ဘုံဘ၀များမှာ
ကျင်​လည်​​နေတဲ့... ဒီကအသက်
အခုမှ ၂၁ ။  

ဟုတ်​ကဲ့ ၊
မေတ္တာနဲ့ သစ္စာ တို့ဖြင့်​​နှောင်​ဖွဲ့အပ်​​သော
နှလုံး အသည်း တစ်​စုံ ​ကြောင့်
အခုထိ လူငယ်​​လေးတစ်​​ယောက်​ပါ ...ချစ်​သူ။

                                                    လွင့်​​မောင်​​မောင်​(ချစ်​သူ့နယ်​​မြေ)
¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·
အခုမှ အသက်​က ဆယ်​စုနှစ်​၅ခု​ကျော်​လို့၆နှစ်​သာစွန်း​သေးတဲ့လူငယ်​​လေးတစ်​​ယောက်​ကို
အဖိုးကြီး လို့​ခေါ်တတ်​တဲ့တခါခါ က​လေး ​လေးလို ဘဲ့ ဟု ​ပြောတတ်​သူ ချစ်​သူသို့

“ရင်ကွဲနာ”


“ရင်ကွဲနာ”
*********
- ကြားခဲ့ဘူးတာက
ချစ်ခဲ့ ပျော်ခဲ့ကြရာမှ
တစ်ယောက်က တစ်ယောက်ကို
စိမ်းကားရက်စက် သစ်စိမ်းချိုး ချိုးသွားတဲ့အခါ....
ပြုသူကတော့ ပျော်ရွှင်မှုများနဲ့ ပျော်နေချိန်
ခံရသူက ရင်ကွဲနာ။

- မြင်ခဲ့ဘူးတာက
တူနှစ်ကိုယ် ချစ်ရည်တူမျှ
တစ်ယောက်ကို တစ်ယောက်က ချစ်ကြ
ချစ်သမျှကို ပတ်ပျိုးမဆုံးသေးခင်..
ကံကြမ္မာမုန်တိုင်း ခတ်ရိုင်းရိုင်းကြောင့်
ဝေးတစ်သက် ဆွေးရတက်တွေနဲ့
ချစ်သူနှစ်ဦးရဲ့ ရင်ကွဲနာ။

- ကြုံနေရတာက
အရင်ကတည်းကလည်း...
အစနောက်မရှိ အပျော်အပျက်ဆိုဝေး
တစ်ယောက်မျက်နှာ တစ်ယောက်ခိုးခိုးကြည့်ရုံလေးသာ။
သူငယ်ချင်းလည်းမဟုတ် ဘာမဟုတ်

- ပန်းပွင့်လေးအပေါ် လိပ်ပြာလေးတစ်ကောင်နားတဲ့ ကာလမျှသာ 
 တွေ့ဆုံခဲ့ ရ ရက်ပေါင်း၆၀၀ကျော်မှာ
တစ်ယောက်မျက်နှာတစ်ယောက်ငေးကြည့်ရုံလေးသာ။
 ရီးစားလည်းမဟုတ် ဘာမှမဟုတ်၊

- ချစ်ခြင်း သီဖွဲ့ မဆိုခဲ့ပါဘူး။
ကင်တင်းတွေထဲလည်း အတူမထိုင်ဖူးပါဘူး။
အဓိပတိလမ်းထဲ အတူမ​လျှောက်​ဖူးပါဘူး။
မျက်ဝန်းများမှ အချစ်အရိပ်အယောင်ဖွေရှာရင်း.....
ရက်ပေါင်း၆၀၀ကျော်သာ ကုန်လွန်ခဲ့ ။

- ဟော... လွန်မြောက်ခဲ့ပြီး.
ရက်ပေါင်း ၁၂၇၇၅ ကျော် ကျမှ
ပြန်ဆုံကြတော့ ............
အကြင်နာမျက်ဝန်းကိုယ်စီမှ
ချစ်ရိပ် ချစ်ငွေ့ ဖွေရှာတွေ့။
- ကိုယ် ကိုယ်တိုင်နဲ့ သူကိုယ်တိုင်
သူ့အသိုင်းဝန်းနဲ့ ကိုယ့်အသိုင်းဝန်း
ဂုဏ် သိက္ခာ စည်းများခြားပြီ။
ဒီစည်းကိုတော့ မချိုးဖျက်နိုင်။

- ဆုံခဲ့ လေသော “ရေစက်ဆိုး” ရယ်..
တို့နှစ်ယောက် ချစ်သူတွေလည်းမဟုတ်ခဲ့ပါဘဲ
အခုတော့........
ရင်ကွဲနာ ကျရပြီကောကွယ်...။

လွင့်မောင်မောင်(ချစ်သူ့နယ်မြေ)
၉-၉-၂၀၁၆

“ လွင့်မောင်မောင် ဟုခေါ်ပါသည်”


“ လွင့်မောင်မောင် ဟုခေါ်ပါသည်”
¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·
ဝဿန်ကာလ မိုးစက်များလည်း
ဒို့ရင်ခွင်ထဲ သောကမီးကို
မငြိမ်းသတ်နိုင်ခဲ့။
ဟေမာန်ကာလ နှင်းပွင့်များလည်း
အလွမ်းဆီထိ အသည်းအိအိကို
မအေးစက်နိုင်ခဲ့။
ဒီနေ့ကစ“မျှော်လင့်ချက်ဆိုတာလုံးဝမထားပါနဲ့” လို့
မိုးစက် နှင်းပွင့်များသို့
အေးစက်စက်နဲ့ ပြောရက်သူက
ပြောနိုင်ခဲ့ပေမဲ့............
ကိုယ့်မှာ....................
ဂိမာန်ကာလ အရွက်ခြောက်များသို့
ဖြစ်ချင်ရာဖြစ် လွင့်ချင်ရာလွင့်
ကြွေမဲ့နေရာ မြေမရှိ။ ။

လွင့်မောင်မောင် (ချစ်သူ့နယ်မြေ)

“ဆွေးသခင်ကိုတင်လှိုင်အလွမ်းလောက်ကတော့ သနားတယ်”


“ဆွေးသခင်ကိုတင်လှိုင်အလွမ်းလောက်ကတော့ သနားတယ်”
=================================
- အလွမ်းနွေကိုစမ်းရေထဲမျှောလိုက်မည် တဲ့
ဆွေးသခင် ကိုတင်လှိုင် လွမ်းခဲ့ဖူးတာ....
- ကိုတင်လှိုင့် အလွမ်းတွေ.....
စမ်းရေထဲစီးမျောပါသွားတော့
အလွမ်း​ပြေပြီ​ပေါ့ကိုတင်​လှိုင်​။
- ဒီကလူရဲ့ အလွမ်းတွေ.....
စမ်းရေထဲမျှောချလိုက်တော့
အလွမ်းတွေထဲ စမ်းရေပျော်ဝင်သွားလို့
အလွမ်းပျော်ရည်ထဲ ဒီမောင်နစ်ပြီ။
- ရူး​လောက်​​အောင်​ ချစ်​ခဲ့၍ ...
သေမ​လောက်​​​လွမ်း​နေရတယ်​..ချစ်​သူ။

လွင့်မောင်မောင်(ချစ်သူ့နယ်မြေ)

တစိမ့်စိမ့်ကြည့်နေချင်တာ


တစိမ့်စိမ့်ကြည့်နေချင်တာ

အပြစ်မြင်ပေမယ့်
ချစ်ချင်နေတဲ့စိတ်ကြောင့်
တိတ်တိတ်လေးပဲ
ထွေးပွေ့မိတယ် . . .။
မဝေးချင်ပေမယ့်
ပြေးချင်နေတဲ့မင်းကို ဆွဲမထားရက် ...
ကြိုးပျက်သွားတဲ့ စွန်ကလေး ,
လွင့်မျောသွားတာကို ငေးကြည့်သလို
ငေးကြည့်နေချင်တယ် . . .။

WaThan 79

မျက်​ရည်​ဖြစ်​တဲ့စက်​ရုပ်​ ကျ​နော်



မျက်​ရည်​ဖြစ်​တဲ့စက်​ရုပ်​ ကျ​နော်
◦.¸¸. ◦✿◦.¸¸. ◦✿◦.¸¸. ◦✿
သူမသည်​ကျွနု​ပ်​ရဲ့ကဗျာဖြစ်​တည်​ရာ
သူမသည်​ ကျွန်ုပ်ရဲ့ ​​အလွမ်းများမြစ်​ဖြားခံရာ
သူမသည်​ ကျွန်ုပ်​၏ စိတ်​အစဉ်​ကျက်​စားရာ
သူမထံမှဆင်းသက်​ဖြစ်​တည်​​သော ကျွန်ုပ်​၏
ကဗျာနှင့်​အလွမ်းစာနုအားလုံး၏ လားရာသည်
သူမတစ်​ဦးတည်းဆီသို့သာ....
အ​ဝေးမှာကျန်​ခဲ့တဲ့ ​နှောင်း​လေပြီး​သောအချစ်​​​ကြောင့်
လေးလံ လွန်းတဲ့ အ​ဆွေးဒဏ်​ရာဒဏ်​ချက်​​တွေ။
ပြီး​တော့ ......
လွမ်းရက်​​ပေါင်း များစွာမှ အလွမ်း​တွေ​ကြောင့်​ဖြစ်​တည်​တဲ့မျက်​ရည်​များ......
အခု​တော့....
မျက်​ရည်​ဖြစ်​တဲ့ စက်​ရုပ်​ကျ​နော်​ ပါ ချစ်​သူ။

လွင့်​​မောင်​​မောင်​ (ချစ်​သူ့နယ်​​မြေ)
၂၂-၉-၂၀၁၆

“အခါလွန်”


“အခါလွန်”
◦.¸¸. ◦✿
ဘယ်သူ့အတွက်မှ အကျိုးမပေးတဲ့ .
ဆိုးကျိုးကိုသာ ဖြစ်စေတဲ့
“အခါလွန်မိုး” ဆို သိတ်မုန်းတယ်​။
“ အခါလွန်အချစ်” ကို “အခါလွန်မိုး” နဲ့
ပမာပြု ပုံခိုင်း နှိုင်းမယ်ကြံတိုင်း.....
တွေးယုံနဲ့တင် ရင်ကွဲရတယ် ..ချစ်သူ ။

လွင့်မောင်မောင် (ချစ်သူ့နယ်မြေ)
20-9-2016

အ​တွေးချစ်​ကမ္ဘာ​လေးထဲတို့နှစ်​​ယောက်​တည်း


အ​တွေးချစ်​ကမ္ဘာ​လေးထဲတို့နှစ်​​ယောက်​တည်း
◦.¸¸. ◦✿◦.¸¸. ◦✿◦.¸¸. ◦✿◦.¸¸. ◦✿
သံ​ယောဇဉ်​ ဆိုတာဖြစ်​နိုင်​ခဲသလို
ဖြတ်​နိုင်​လည်း ခက်​လှချည့်​။

စွန့်​ပစ်​ခဲ့သူက ဖုတ်​ဖက်​ခါလို့
လွယ်​လွယ်​ထားခဲ့ရက်​​သော်​လည်း......
စွန့်​ပစ်​ခံရသူက ဒဏ်​ရာ ဒဏ်​ချက်​ဗလဗွနဲ့
မချိမဆန့်​ ​ဝေဒနာအထပ်​ထပ်​။

တစ်​​နေ့ကို စကား​လေး၁၀ခွန်း​ပြောမိခဲ့တာ
ပိုပို​သတဲ့​။ဟောက်​လိုက်​ ​ငေါက်​လိုက်​ ကြိမ်းလိုက်​။
ဟုတ်​ကဲ့.... ​နောက်​​နောင်​ဆိုဆင်​ခြင်​ပါမည်​။
တစ်​ခွန်းမျှမ​ပြော​တော့ပါ။

အပြင်​​လောကမှာ မာယာများလွန်းသမို့
အချစ်​​ရေ .....
ကိုယ်​ကိုယ်​တိုင်​တည်​​ဆောက်​ခဲ့တဲ့
အ​တွေးချစ်​ကမ္ဘာ​လေးထဲ ...
ဒီကရယ်​ အ​တွေးနဲ့ဖန်​တီးထားတဲ့သခင့်​ကိုယ်​ပွားချစ်​သူရယ်​...
နှစ်​​ယောက်​တည်းပဲ​နေ​တော့မယ်​။
အပြင်​​လောက မာယာ​လောက ကို
ပြည်​ဖုံးကားချ အ​မှောင်​ချထားကာ
အ​တွေးချစ်​ကမ္ဘာမှာသာ လင်းလက်​​တော့မယ်​။

ဒီကတစ်​​ယောက်​တည်းရူးပြီး​နေ​တော့မယ်​။
အပြစ်​ရှိသူတရားခံက ကိုယ်​သာမို့
ကိုယ်​တိုင်​အမိန့်​ချ ဒီတစ်​သက်​အကျဉ်းကျ​​စေ။


လွင့်​​မောင်​​မောင်​(ချစ်​သူ့နယ်​​မြေ)
၂၆-၉-၂၀၁၆