Pages

Thursday, September 29, 2016

အ​တွေးချစ်​ကမ္ဘာ​လေးထဲတို့နှစ်​​ယောက်​တည်း


အ​တွေးချစ်​ကမ္ဘာ​လေးထဲတို့နှစ်​​ယောက်​တည်း
◦.¸¸. ◦✿◦.¸¸. ◦✿◦.¸¸. ◦✿◦.¸¸. ◦✿
သံ​ယောဇဉ်​ ဆိုတာဖြစ်​နိုင်​ခဲသလို
ဖြတ်​နိုင်​လည်း ခက်​လှချည့်​။

စွန့်​ပစ်​ခဲ့သူက ဖုတ်​ဖက်​ခါလို့
လွယ်​လွယ်​ထားခဲ့ရက်​​သော်​လည်း......
စွန့်​ပစ်​ခံရသူက ဒဏ်​ရာ ဒဏ်​ချက်​ဗလဗွနဲ့
မချိမဆန့်​ ​ဝေဒနာအထပ်​ထပ်​။

တစ်​​နေ့ကို စကား​လေး၁၀ခွန်း​ပြောမိခဲ့တာ
ပိုပို​သတဲ့​။ဟောက်​လိုက်​ ​ငေါက်​လိုက်​ ကြိမ်းလိုက်​။
ဟုတ်​ကဲ့.... ​နောက်​​နောင်​ဆိုဆင်​ခြင်​ပါမည်​။
တစ်​ခွန်းမျှမ​ပြော​တော့ပါ။

အပြင်​​လောကမှာ မာယာများလွန်းသမို့
အချစ်​​ရေ .....
ကိုယ်​ကိုယ်​တိုင်​တည်​​ဆောက်​ခဲ့တဲ့
အ​တွေးချစ်​ကမ္ဘာ​လေးထဲ ...
ဒီကရယ်​ အ​တွေးနဲ့ဖန်​တီးထားတဲ့သခင့်​ကိုယ်​ပွားချစ်​သူရယ်​...
နှစ်​​ယောက်​တည်းပဲ​နေ​တော့မယ်​။
အပြင်​​လောက မာယာ​လောက ကို
ပြည်​ဖုံးကားချ အ​မှောင်​ချထားကာ
အ​တွေးချစ်​ကမ္ဘာမှာသာ လင်းလက်​​တော့မယ်​။

ဒီကတစ်​​ယောက်​တည်းရူးပြီး​နေ​တော့မယ်​။
အပြစ်​ရှိသူတရားခံက ကိုယ်​သာမို့
ကိုယ်​တိုင်​အမိန့်​ချ ဒီတစ်​သက်​အကျဉ်းကျ​​စေ။


လွင့်​​မောင်​​မောင်​(ချစ်​သူ့နယ်​​မြေ)
၂၆-၉-၂၀၁၆

No comments:

Post a Comment