Pages

Thursday, September 29, 2016

အရူးလို့ခေါ်ပါ


အရူးလို့ခေါ်ပါ
◦.¸¸. ◦✿
သခင့်ရဲ့ကျောက်စိုင်အသည်းကလာတဲ့
သံမဏိဆုံးဖြတ်ချက်ကို
ပျော့စေချင်လွန်းလို့
မီးခြစ်ဆံမီးနဲ့အပူပေးမိတယ်။
ဒီလိုဆိုံ
အရူးလို့ခေါ်လိုက်ပါ။
ဓားသွားမြမြပေါ်က ပျားရည်တစ်စက်
အငမ်းမရ လျှက်ခဲ့တဲ့ကိုယ်
အရူးလို့ဘဲ့ခေါ်လိုက်ပါတော့။ ။
နှလုံးသားမှာ အမုန်းပွားရလောက်အောင်
အပြစ်တစ်စုံတရာမရှိလေတော့
အမုန်းခံလူသားဘ၀နဲ့
သူ့ကိုချစ်မြဲချစ်နေပါရစေ။
ဒီလိုဆို………….
အရူးလို့ခေါ်လိုက်ပါ။ ။
အလှကွန်ယက် ဘ၀နွံပွက်ထဲ
မလူးသာ မလွန့်သာ
လှုပ်လေ မြုပ်လေ
ရုန်းလေ နစ်လေ။ ။
သတိထားမိလိုက်ပေမဲ့
အသိတရားမရနိုင်တဲ့ကိုယ်၊
အရူးတကာ့ အရူးထဲ
အချစ်ရူး“ဒို့”ကို……..
အရူးလို့ဘဲ့ခေါ်လိုက်ပါတော့။
ဒီက….ကျေနပ်နေပါ့မယ် ..။ ။
*** အမြဲမဟုတ်တောင်မှ အရူးတွေတွေ့တိုင်း ဒို့ကို သတိရလိုက်ပါ ချစ်သူ**

လွင့်မောင်မောင်(ချစ်သူ့နယ်မြေ)
(စိန်ပန်းမြေ မှ သူငယ်ချင်းတွေ ကိုလွမ်းလွန်လွန်းလို့ ပြန်တင်သည်)

No comments:

Post a Comment