Pages

Sunday, June 15, 2014

ရိုး ရှင်း ရန် (ငြိမ်းစိုးဦး)



ရိုး ရှင်း ရန်

မိဘတို့စကား နားမှာစွဲ ... ။
ဖက်ဆစ်စနစ် ခေတ်ပျက်တုန်းမှာ
ဘယ်နေရာမဆို ဘယ်အချိန်မဆို
သူတို့အလိုမကျရင် ရိုက်ပုတ်
ဖမ်းဆီး ချုပ်နှောင် ရေနွေးပူလောင်း
လက်သည်း ခြေသည်း အခွံခွာ
ဒို့မြန်မာတွေ အသေနာခဲ့ရသတဲ့ ။
ငတ်မွတ် ကျပ်တည်းမှုတွေကြား
အသားထဲက သန်းကြီးမတွေ ထွက်လာသလား
ဝဲနာ ယားနာတွေထူ
လူတွေ အငြိမ်မနေရဘူး ... တဲ့ ။
အမြီးပြတ် , ခွေးရူးတွေဟာ
လူတွေကို ကိုက်တတ်ပါသတဲ့ ။
ပြည်မြန်မာရဲ့ ခုချိန်ခါ
သန်း မဟုတ်တော့ပေမယ့်
အပြုတ်ခြွေတဲ့ ဟင်္သာကိုးသောင်းဇာတ်ဆောင်
အစိမ်းရောင်ထုတ်ကုန်တွေ တဖွားဖွား
လောက်များက အသားထဲမှာ အလန်း
Alarm ပေးထားသလို အသိနဲ့
မငြိမ်းသေးတာတော့ သေချာ
မငြိမ်သေးတာလည်း သေချာ ... ။

ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေ တိုးပါစေ
ငြိမ်းချမ်းမှုများ စိုးမိုးလျှက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( 15 : 6 : 2014 )

No comments:

Post a Comment