Pages

Monday, February 10, 2014

ခေတ်

Photo: ခေတ်
........
အလွဲတွေနဲ့ ပွဲကျနေကြတဲ့လောကထဲ
ငါကပဲ အသက်ရှုမှားနေခဲ့တာလား...၊

တစ်နေ့တခြား များများလာတဲ့
အမနာပ မှိုင်းတွေထဲ
ခေတ်ဟာ...
အရောင်တွေလည်း မွဲ...လို့ ၊

အမှန်တရားခမျာလည်း
ရန်များကိုမရှင်းနိုင်သေးလေတော့
ရွာပြင်ဇရပ်မှာပဲ
မျက်နှာငယ်နေရရှာ...၊

ကြာလေ...နက်လေ
အ၀ိဇ္ဇာအမှောင်ထုတွေထဲမှာတော့
ခွေးဟောင်သံတွေသာ
ပို ဆူ ညံ လာ ခဲ့ ပေါ့ ။

လင်းအောင်ပြည့်

ခေတ်
........
အလွဲတွေနဲ့ ပွဲကျနေကြတဲ့လောကထဲ
ငါကပဲ အသက်ရှုမှားနေခဲ့တာလား...၊

တစ်နေ့တခြား များများလာတဲ့
အမနာပ မှိုင်းတွေထဲ
ခေတ်ဟာ...
အရောင်တွေလည်း မွဲ...လို့ ၊

အမှန်တရားခမျာလည်း
ရန်များကိုမရှင်းနိုင်သေးလေတော့
ရွာပြင်ဇရပ်မှာပဲ
မျက်နှာငယ်နေရရှာ...၊

ကြာလေ...နက်လေ
အ၀ိဇ္ဇာအမှောင်ထုတွေထဲမှာတော့
ခွေးဟောင်သံတွေသာ
ပို ဆူ ညံ လာ ခဲ့ ပေါ့ ။

                                                     လင်းအောင်ပြည့်

No comments:

Post a Comment