Pages

Wednesday, March 28, 2012

ဖွဲမီး

အချစ်........
ငါက မင်းကို ကြည့်ကြည့်နေတာ
မင်းက ငါ့ကိုကြည့်ကြည့်နေတာ
ငါလည်းအသိ မင်းလည်းအသိ။ ။
အချစ်........
ငါကမင်းကိုချစ်နေတာ
မင်းက ငါ့ကိုချစ်ချင်နေတာ
ငါလည်းအသိ မင်းလည်းအသိ။ ။
ဒါနဲ့များ....ဒါနဲ့များ
မျက်လုံးချင်းဆုံ ရင်ခုံရမဲ့အစား
ဘာ့ကြောင့်မဲ့မဲ့ပြရသလဲ။ ။
တူနှစ်ကိုယ်တွေ့ကြုံ
အမူပို မျက်နှာထား အပြုံးပန်းဝေရမဲ့အစား
ဘာ့ကြောင့်ဒေါသရိပ်ဆင်
မုန်းဟန်ပြင်ရပါသလဲ။ ။
အချစ်..........
လူ့ဘ၀ရေပွက် ခဏတာအတွက်
လက်ချင်းယှက်လျှက်
ဖွဲမီးထဲကထွက်ကြစို့။ ။
လွင့်မောင်မောင်(ထားဝယ်)

Saturday, January 14, 2012

ချစ်သူသို့

ချစ်သူအတွက်


နှစ်လုံးသားဗဟိုရ်၌ ဖြစ်တည်

အမြစ်တွယ်သည့်ချစ်ခြင်း

မြစ်တစ်စင်းသို့ ၊မကွေ့ကောက်လို

ဒို့၏အကြင်နာချစ်ခြင်း

သံယောဇဉ်လမင်း

သခင့်ရင်ထဲ ၊အနက်ရှိုင်းဆုံးထိ

လင်းလက်စေ ။

လွင့်မောင်မောင်(ထားဝယ်)