Pages

Showing posts with label အောင်ဇင်လတ်. Show all posts
Showing posts with label အောင်ဇင်လတ်. Show all posts

Wednesday, February 12, 2014

သူပုန်တစ်ယောက် ဖွားမြင်ခြင်း


သူပုန်တစ်ယောက် ဖွားမြင်ခြင်း
+++++++++++++++++
၁၉၁၅ ဖေဖေါ်ဝရီလ ၁၃ရက်
နေမကြပ်ဘူး
လမကြပ်ဘူး
ထူးခြားနမိတ်
နတ်ပြဟိတ်လည်းမရှိဘူး
ငလျင်မလှုပ်ဘူး တော်မလဲဘူး
(အဲဒီတုန်းကညဟာ)
မထူးခြားတဲ့ ခါတိုင်းအညာညတွေလိုပါပဲ
တပေါင်းလေအေး
ညှင်းသွဲ့သာသာသွေးကာတိုက်လို့။

ကြယ်တွေငိုက်မြည်း
အာရုဏ်နီးချိန်
လင်းမှိန်ပြပြ
တပေါင်းညရဲ့
လင်းကြက်တို့တွန်သံနဲ့အပြိုင်
ဘဝဂ်တိုင်အောင်
အာခေါင်ကိုခြစ်

ဟစ်အော်သံနဲ့အတူ
သူ
လူလောကထဲရောက်လာခဲ့တယ်။

လက်သီးကိုဆုတ်
ခြေကိုကုတ်လို့
နီစုတ်တာရဲ
ညိုမဲမဲလေးဟာ
ဟန်နီဘောဝင်စားသူ
မိုက်ကယ်ကောလင်းဝင်စားသူ
နောင်အခါ
နေမဝင်အင်ပါယာကိုဖြိုဖျက်
မြန်မာကိုလွတ်လပ်စေမဲ့သူရယ်လို့
(အဲဒီတုန်းက)
မကျည်းလဲမသိ
ထနောင်းလဲမသိ
အမိဒေါ်စုလဲ မသိခဲ့ပါ။
                                      
                                              အောင်ဇင်လတ်(13-2-2014)